ylliX - Online Advertising Network
NUG အကြမ်းဖက်အဖွဲ့က ဝန်ကြီးတွေ မြန်မာပြည် ပြန်ရန်နှင့် မပြန်လိုလျှင်နှုတ်ထွက်ပါ ဟု အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မုဒိန်းကောင် မျိုးရန်နောင်သိန်း က တိုက်တွန်း

NUG အကြမ်းဖက်အဖွဲ့က ဝန်ကြီးတွေ မြန်မာပြည် ပြန်ရန်နှင့် မပြန်လိုလျှင်နှုတ်ထွက်ပါ ဟု အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မုဒိန်းကောင် မျိုးရန်နောင်သိန်း က တိုက်တွန်း


မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအလွန် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်တွင် စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ရန်နှင့် ကျောင်းထားကြမည့် မိဘများကို ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ရာတွင် ထင်ရှားသည့် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း က အချက် (၈)ချက် ထောက်ပြပြီး NUG အကြမ်းဖက်အဖွဲ့ က ဝန်ကြီးများ မြန်မာပြည်ပြန်ရန်နှင့် မပြန်လိုလျှင် နှုတ်ထွက်ရန် 26-11-2024 ရက်နေ့က ပြောဆိုလိုက်သည်။

အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မုဒိန်းကောင် မျိုးရန်နောင်သိန်း က ပြည်တွင်းမှာ NUG ထိန်းချုပ်နယ်မြေတွေရှိနေပြီဖြစ်တဲ့ NUG ဟာ အဝေးရောက်အစီုးရဖြစ်ရန်အကြောင်းမရှိတော့ကြောင်း ၊ ဒါကြောင့် ပြည်ပရောက်နေတဲ့ NUG အစီုးရအဖွဲ့ဝင်တွေ မြန်မာ ပြည်တွင်းသမ္မတကြီး ဒူးဝါးလရှီလ ရဲ့တိုက်တွန်းပြောဆိုချက်ကို အပြည့်အဝ ထောက်ခံကြောင်း၊ ကျွန်တော်လည်း အဲ့ဒီလိုမြင်နေတာကြာပြီ NUG ကို တိုက်ခိုက်သလိုဖြစ်မှာစိုးတဲ့အတွက် ချင့်ချိန်နေခဲ့တယ်။  အခု ယာယီသမ္မတကြီးကိုယ်တိုင်ပြောလာတာကို အလွန်ကျေနပ်အားရမိကြောင်း၊ မြန်မာပြည်ထဲမှာ NUG ရဲ့ထိန်းချုပ်နယ်မြေတွေရှိနေပြီဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့အစိုးရလို့ ကိုယ့်ကိုကိုယ်ခံယူထားရင် အစိုးရအဖွဲ့ဝင်တွေဟာ ပြည်တွင်းမှာ အခြေစိုက်ရမှာဖြစ်တယ်။ PDF လူငယ်တွေက ပြည်တွင်းမှာ တိုက်ပွဲဝင်နေကြချိန်မှာ ပြည်သူတွေရဲ့မိဘ၊ ပြည်သူ့အစိုရလို့ ကိုယ့်ကိုကိုယ်ခံယူထားကြသူတွေက ပြည်တွင်းမှာနေလို့ရပါလျှက်  ပြည်ပမှာရောက်ရှိနေကြတာဟာ အလုပ်ကို ထိထိရောက်ရောက်မလုပ်နိုင်သလို၊ သင့်လည်းမသင့်တော်ဘူး။ အခွင့်ထူးခံ လူတန်းစားဖြစ်နေတယ်။” ဟု ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။

NUG အကြမ်းဖက်အဖွဲ့ဝင်အများစုမှာ ပြည်သူ့အစိုးရဟု ကြွေးကြော်နေသော်လည်း ၎င်းတို့အား နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် နိုင်ငံများ၏ အသိအမှတ်ပြုခြင်းကိုပင် မရရှိဘဲ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ရန် လှုံ့ဆော်သည့် အလုပ်ကိုသာ ပြည်ပနိုင်ငံများတွင် နေထိုင်ပြီး လုပ်ကိုင်နေကြခြင်းဖြစ်သည်။

မျိုးရန်နောင်သိန်း နှင့် ရှေ့ဆင့်နောက် နောက်ဆင့် ပြည်ပကို ထွက်ပြေးခဲ့ကြသူများဖြစ်ပြီး ယခုကဲ့သို့ မျိုးရန်နောင်သိန်း က ပြောဆိုခြင်း သည် အရူးက တမူးသာ လုပ်နေခြင်းသာ ဖြစ်သည်။

Join – https://t.me/MyanmarNationalPost





Source link

Leave a Reply

Your email address will not be published. Required fields are marked *