ylliX - Online Advertising Network
Here (2024) – Channel Myanmar

Here (2024) – Channel Myanmar


 

ဒီ Here ဆိုတဲ့ရုပ်ရှင်ကတော့ “ဒီနေရာ” ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲ

442

ကင်မရာက နေရာတစ်နေရာတည်းကို Focus ထားပြီး ကမ္ဘာဦးအစကနေ

လက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကို

ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာက

အိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့ပြီး

ဇာတ်သိမ်းပိုင်းမှသာ အိမ်ရဲ့အပြင်ဘက်နဲ့ အခြားနေရာတွေကို

ခဏတာမြင်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒီလိုပြောလိုက်လို့ ပျင်းစရာကြီးနေမှာလို့တော့ မတွေးမိစေချင်ပါဘူး။

ဒီတစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့တဲ့အတွက်ကြောင့်

အဲဒီတစ်နေရာမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို ဆယ်စုနှစ်၊

ရာစုနှစ်နဲ့ချီပြီးတော့ ပြောင်းလဲသွားတာတွေကို မြင်တွေ့ရမှာပါ။

ရုပ်ရှင်ဆိုတဲ့အတွက် ဖန်တီးရိုက်ကူးထားတာဖြစ်ပေမဲ့ တကယ့်

သမိုင်းကြောင်းအချက်အလက်တွေလည်း ပါဝင်နေခဲ့ပါတယ်။

ဥပမာဆိုရင် လက်ရှိရိုက်ကူးနေတဲ့အိမ်ရဲ့ မျက်စောင်းထိုး

တစ်ဖက်လမ်းကအိမ်ကြီးက မိုးကြိုးလျှပ်စီးဟာ လျှပ်စစ်ဓာတ်

တစ်မျိုးဖြစ်တယ်ဆိုတာကို မိုးသည်းကြီးမည်းကြီးထဲ စွန်လွှတ်ရင်း

ရှာဖွေတွေ့ရှိခဲ့တဲ့ ဘန်ဂျမင် ဖရန်ကလင်ရဲ့ တရားမဝင်သား ဝီလီယံ

ဖရန်ကလင် နေထိုင်သွားတဲ့အိမ်ဆိုပြီး ပါပါတယ်။

ပြီးတော့လည်း တီဗီရှေ့မှာ ဇိမ်ရှိရှိနဲ့ ထိုင်ကြည့်ဖို့အတွက်

ဆိုဖာခုံကို တီထွင်ခဲ့တဲ့သူ…

Google မှာ ရိုက်ရှာလိုက်ရင် အဲဒီ La-Z-Boy အမည်ရတဲ့

ဆိုဖာခုံကို တီထွင်ခဲ့တာ မီရှီဂန်က ညီအစ်ကိုနှစ်ယောက်လို့

တွေ့ရပေမဲ့ ဒီထဲမှာတော့ ဘီလီဆိုတဲ့ လူကောင်ကြီးကြီးနဲ့

တစ်ယောက်က အိမ်မှာ အမြဲတမ်းသူ့ထိုင်ခုံကို အဆင့်မြှင့်တင်နေခဲ့ပြီး

နောက်ဆုံး မီရှီဂန်ကကောင်လေးနှစ်ယောက်ကို ရောင်းလိုက်တယ်

ဆိုတာမျိုး ထည့်ရိုက်ပြထားပါတယ်။

ဒါတွေအကုန် အမှန်ဟုတ်မဟုတ် ဘယ်သိနိုင်ပါ့မလဲနော်…

အဲဒီလို ကိုလိုနီခေတ်နဲ့ ခေတ်ဟောင်းကလူတွေအပြင်

အဲဒီအိမ်ကြီးကိုဝယ်ပြီး နေထိုင်ခဲ့တဲ့ မစ္စတာနဲ့ မစ္စစ်ယန်း

တစ်နည်းအားဖြင့် အဲလ်နဲ့ ရို့စ်တို့လင်မယားရဲ့ သားသမီးတွေ

ထွန်းကားလာပုံ အဲဒီသားသမီးတွေကနေ ထပ်ပြီး မိသားစုတိုးပွား

လာပုံတွေနဲ့ အဲဒီလိုတိုးပွားလာတာနဲ့အမျှ ကြုံတွေ့လာရတဲ့

လူမှုရေးပြဿနာတွေ၊ မိသားစုဝင်ချင်း ကတောက်ကဆ

ဖြစ်မှုတွေ၊ လင်မယားချင်း အဆင်မပြေမှုတွေနဲ့ ကလေးမွေးရာက

အစ ကျန်းမာရေးချို့ယွင်းပြီးသေတဲ့အထိ အလုံးစုံကို ရိုက်ကူး

ပြထားတာဖြစ်လို့ A Circle of Life လို့ပြောလည်း မှားမယ်မထင်ပါဘူး။

နေ့စဉ်ဘဝ Reality အရှိအတိုင်းကို မြင်တွေ့ရမှာဖြစ်လို့

ကြည့်ရှုသူနဲ့တိုက်ဆိုင်တဲ့ခံစားချက်တွေရှိလာခဲ့ရင်

တွေးစရာတွေအများကြီးရစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

အဲဒီအပြင် နာမည်ကျော်မင်းသားကြီး Tom Hanks ပါဝင်ရိုက်ကူး

ထားတာမို့လို့ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်မဖြစ်ဆိုတာကို တွေဝေ

နေစရာလိုမယ်မထင်ပါဘူး။

အဲဒီတော့ ကိုယ့်ရဲ့အားလပ်ချိန်မှာ ရုပ်ရှင်ကောင်းလေးကြည့်ပြီး

Chill ရင်း တွေးစရာလေးတွေရချင်တယ်ဆိုရင်တော့

ဒီရုပ်ရှင်လေးကို Play ခလုတ်နှိပ်လိုက်ပါတော့လို့ ပြောလိုက်ပါရစေ…

 

File size…(5.8 GB)/ (1.47GB) / (772MB )
Quality… WEB-DL 4K HEVC/1080p HEVC / 720p
Format…mkv / mp4
Duration….1h 44m
Genre …..Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Chothet_mlmt


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *