ylliX - Online Advertising Network
TikTok က မြန်မာအသုံးပြုသူအသိုက်အဝန်းအတွက် ပိုမိုလုံခြုံသော အတွေ့အကြုံကို ရရှိရန် တည်ဆောက်ပေးလျက်ရှိ | Myanmar Tech Press

TikTok က မြန်မာအသုံးပြုသူအသိုက်အဝန်းအတွက် ပိုမိုလုံခြုံသော အတွေ့အကြုံကို ရရှိရန် တည်ဆောက်ပေးလျက်ရှိ | Myanmar Tech Press


တီထွင်ဖန်တီးနိုင်မှု ထွန်းကားသည့် ပလက်ဖောင်းတစ်ခုအနေဖြင့် TikTok သည် ဘေးကင်းလုံခြုံပြီး ပံ့ပိုးကူညီမှု ရရှိကာ အပြုသဘောဆောင်သော နေရာတစ်ခုအဖြစ် မြန်မာနိုင်ငံရှိ သုံးစွဲသူတိုင်း ခံစားရရှိစေရေးအတွက် လေးနက်စွာ ကတိက၀တ်ပြုထားပါသည်။ ထို့ကြောင့် မြန်မာအသိုင်းအ၀ိုင်းမှ အသုံးပြုနိုင်သည့် မရှိမဖြစ် လိုအပ်သော ဘေးကင်းရေးဆိုင်ရာ Feature အချို့ကို ဖော်ပြပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများကို တာဝန်သိစွာ အသုံးပြုတတ်အောင် အားပေးရင်း ကိုယ်စိတ်ကျန်းမာရေးကို အကာအကွယ်ပေးသည့် Tools များပါ၀င်မည်ဖြစ်သည်။

Image: TikTok

၁။ မိသားစုချိတ်ဆက်ခြင်း (Family Pairing)

Family Pairing Feature သည် မိဘများ၏ အကောင့်များကို ၎င်းတို့၏ ဆယ်ကျော်သက်များ၏ TikTok အကောင့်များနှင့် ချိတ်ဆက်ခြင်းဖြင့် အကျိုးရှိသော ထိန်းချုပ်မှုများကို လုပ်ဆောင်နိုင်ရန် ကူညီပေးပါသည်။ ၎င်း Feature ဖြင့် မိဘများသည် နေ့စဥ်ဖုန်းသုံးချိန်ကို စီမံခန့်ခွဲခြင်း၊ မသင့်လျော်နိုင်သော အကြောင်းအရာများကို စစ်ထုတ်ခြင်းနှင့် တိုက်ရိုက်စာပေးပို့ခြင်းဆိုင်ရာဆက်တင်များ စသည်တို့ကို ချိန်ညှိနိုင်ပါသည်။ အထူးသဖြင့် အသက်ငယ်သော အသုံးပြုသူများအတွက် ဘေးကင်းလုံခြုံသော TikTok အတွေ့အကြုံရရှိအောင် ပံပိုးရာတွင် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

၂။ စိတ်ကြိုက်ပြင်ဆင်နိုင်သော ဘေးကင်းရေးဆက်တင်များ

အသုံးပြုသူများ၏ ဘေးကင်းရေးသည် အထူးအရေးကြီးပါသည်။ ထို့ကြောင့် လုံခြုံစိတ်ချရသည့် အသုံးပြုမှုအတွေ့အကြုံကိုရရှိရန်အတွက် TikTok မှ အသုံးပြုသူများစိတ်ကြိုက် ဆက်တင်များကို ချိန်ညှိနိုင်အောင် ခွင့်ပြုပေးထားပြီး ထိုဆက်တင်များတွင် မှတ်ချက်များကို စစ်ထုတ်ခြင်း၊ For You Feed ကို Refresh လုပ်ခြင်း၊ ပို့စ်လုံခြုံရေးဆက်တင်များကို ချိန်ညှိခြင်း စသည်တို့ ပါ၀င်ပါသည်။ အဆိုပါ ဆက်တင်များကို လိုအပ်သလို ချိန်ညှိခြင်းဖြင့် အသုံးပြုသူများသည် ဘေးကင်းလုံခြုံသည့် TikTok အတွေ့အကြုံများ ဖန်တီးခံစားနိုင်မည်ဖြစ်ပါသည်။

၃။ လျင်မြန်သော အကြောင်းအရာစိစစ်ရေး

TikTok တွင် အကြောင်းအရာလုံခြုံရေးသည် ဦးစားပေးအချက်တစ်ခုဖြစ်ပါသည်။ TikTok ၏ အကြောင်းအရာစိစစ်ရေးစနစ်တွင် အသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့် အကြောင်းအရာများကို ရှာဖွေဖော်ထုတ်ရန်နှင့် ဖယ်ရှားရန်အတွက် AI နည်းပညာနှင့် လူသားကြီးကြပ်မှုကို ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ အဆိုပါနည်းလမ်းသည် အန္တရာယ်ရှိသော သို့မဟုတ် အထင်မှားစေသော အကြောင်းအရာများ ပျံ့နှံ့မှုကို တားဆီးရန် ကူညီပေးပါသည်။

၄။ အသေးစိတ်ကျသော ပလက်ဖောင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ Feature များ

ပလက်ဖောင်း လုံခြုံရေးနှင့် ပတ်သက်၍ TikTok သည် ကမ္ဘာတစ်ဝန်းရှိ အချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သတင်းအမှားများကို တိုက်ဖျက်ရန် ကတိကဝတ်ပြုထားပါသည်။ TikTok သည် ၂၀၂၄ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ အသိုင်းအ၀ိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်ခဲ့သည့် ၉၉.၇ ရာခိုင်နှုန်းသော အကြောင်းအရာများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ခဲ့ပြီး ဤကတိကဝတ်ကို ပေါ်လွင်စေခဲ့သည်။ ထိုကာလအတွင်း TikTok သည် ဗီဒီယိုပေါင်း ၂,၄၈၁,၀၇၅ ခုကို ဖယ်ရှားခဲ့ပြီး အဆိုပါဖယ်ရှားမှုများ၏ ၉၅ ရာခိုင်နှုန်းကို တွေ့ရှိပြီး ၂၄ နာရီအတွင်း ဖယ်ရှားနိုင်ခဲ့သည်။ ဤကိန်းဂဏန်းများသည် လူမှုအသိုင်းအဝိုင်းလုံခြုံရေးနှင့် စံနှုန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်ရန်အတွက် TikTok က ဆက်လက်လုပ်ဆောင်လျက်ရှိသော ကတိကဝတ်ကို ပေါ်လွင်စေပြီး TikTok ကို စစ်မှန်သော ထုတ်ဖော်ပြောဆိုမှုနှင့် ထိတွေ့ဆက်ဆံမှုအတွက် လုံခြုံသောနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိစေပါသည်။

Image: TikTok

၅။ ရှင်းလင်းသော လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များ

TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များသည် ကောင်းမွန်သော TikTok ရပ်ဝန်း၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ၎င်းတို့သည် လက်ခံနိုင်သော အကြောင်းအရာနှင့် အပြုအမူစံနှုန်းများကို ဖော်ပြပြီး အသုံးပြုသူများကို လေးစားမှုရှိသော အပြန်အလှန်ဆက်သွယ်မှုများရှိစေရန် လမ်းညွှန်ပေးပါသည်။ အားလုံးအတွက် ဘေးကင်းပြီး ကြိုဆိုလက်ခံသော အသိုက်အဝန်းတစ်ခုကို ထိန်းသိမ်းရန်အတွက် ဤလမ်းညွှန်ချက်များကို ဖတ်ရှုပြီး လိုက်နာရန် အားလုံးကို တိုက်တွန်းလိုပါသည်။

၆။ Report နှင့် Block Feature များ

အဆင်မပြေသော အကြောင်းအရာ သို့မဟုတ် အပြုအမူများကို ကြုံတွေ့ရပါက TikTok ၏ Report နှင့် Blockဆိုင်ရာ Tools များသည် အရေးယူဆောင်ရွက်ရန်အတွက် လွယ်ကူစေပါသည်။ အဆိုပါ Tool များသည် အသုံးပြုသူများကို မိမိကိုယ်ကို ကာကွယ်ရန်နှင့် ပိုမိုကောင်းမွန်သော အသိုက်အဝန်းကို အကျိုးပြုရန်အတွက် ကူညီပံ့ပိုးပေးပါသည်။

TikTok သည် လုံခြုံရေးအတွက် ညီတူညီမျှ တာဝန်ယူမှုကို ယုံကြည်ပါသည်။ TikTok ၏ လုံခြုံရေး Tool များနှင့် အရင်းအမြစ်များကို အဆက်မပြတ် မြှင့်တင်လျက်ရှိပြီး မြန်မာနိုင်ငံရှိ အသုံးပြုသူအားလုံးကို ဤ Feature များနှင့် လမ်းညွှန်ချက်များကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဖိတ်ခေါ်လျက်ရှိပါသည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အားလုံးဘေးကင်းလုံခြုံသော TikTok သုံးစွဲမှု အတွေ့အကြုံကို ရရှိအောင် တည်ဆောက်နိုင်ပါသည်။

TikTok ၏ ဘေးကင်းလုံခြုံရေးအင်္ဂါရပ်များအကြောင်း အသေးစိတ်အချက်အလက်များအတွက် TikTok ၏ ဘေးကင်းလုံခြုံရေးစင်တာ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *