ylliX - Online Advertising Network

ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ကျဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်းအမှတ်(၃၅၀၁)(ခွဲ_၃)ရှိ ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ဟာ ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေချိန် ကျဆုံးခဲ့ရတယ်လို့ ပုဝါနီစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။   အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော်သီလဝဟာ လွန်ခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့က ရေတာရှည်ခရိုင်အတွင်းရှိ ကဲလင်းဆိပ်ကျေးရွာမှာ လုံခြုံရေးယူနေချိန် စစ်ကောင်စီရဲ့ ဒရုန်း ဗုံးသီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပုဝါနီစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောပါတယ်။ “မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျဆုံးရဲဘော်ကိုယ်စား ဆက်လက် တာဝန်ယူသွားမှာပါ” လို့ ပုဝါနီစစ်ကြောင်း တပ်စုမှူး ရဲဘော်တော်လှန်ရေးက CJ Platform ကို ပြောပါတယ်။   ရဲဘော် သီလ၀ (ခ) ဗိုလ်ရှိုင်းလင်းအောင်ရဲ့ တော်လှန်ရေးကာလတလျှောက် ရိုးသားဖြောင့်မတ်ပြီး စည်းကမ်းသေ၀ပ်စွာနဲ့ အနစ်နာခံပေးဆပ်ခဲ့တဲ့ […]

Rockwell Automation Enhances FactoryTalk Optix Portfolio

Rockwell Automation Enhances FactoryTalk Optix Portfolio Rockwell Automation has announced advancements to its FactoryTalk Optix portfolio with the introduction of DataReady smart machines. This enhancement aims to provide contextualized machine data that delivers significant operational value. Transforming Data Utilization The updated FactoryTalk Optix platform extends beyond traditional HMI functionality. It facilitates edge data collection and […]

အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ ကစားကွင်းအတိုင်း ပုံဖော်ဖန်တီးပေးခဲ့

အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ပုံထဲမှ ကစားကွင်းကို မြို့အာဏာပိုင်တွေက အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ယူတားပြည်နယ် ကလီးယားဖီးလ်မြို့မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရိုဆီလီဟာ သော်နော့ခ်ပန်းခြံထဲမှာ ကလေးကစားကွင်း တည်ဆောက်နေတာကို တွေ့ပြီး ကစားကွင်းထဲမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက သူတို့အရွယ် ကလေးငယ်တွေဆော့ဖို့ အဆင်မပြေဘူးလို့ တွေးမိခဲ့တာပါ။ ဒါကြောင့်ပဲ ရိုဆီလီက သူ့စိတ်ကူးထဲက ကစားကွင်းကို အသေးစိတ် ပုံဆွဲခဲ့တာပါ။ သူ့အမေက ရိုဆီလီရဲ့ပုံကို ကလီးယားဖီးလ်မြို့တော်ကောင်စီထံ ပေးပို့ခဲ့ပြီး ပြင်ပဆက်ဆံရေးဒါရိုက်တာ အဲရစ်ဟောင်းကလည်း ဒီပုံတွေကို သဘောကျတာကြောင့် ပုံကြမ်းတစ်ခုချင်းစီကို အသေအချာ အချိန်ယူလေ့လာခဲ့ပါတယ်။ သော်နော့ခ်ပန်းခြံမှာ ကစားကွင်းတည်ဆောက်မှုက ပြီးစီးလုဆဲဆဲ ဖြစ်နေတာမို့ ရိုဆီလီရဲ့ စိတ်ကူးကို ပုံဖော်ပေးဖို့ မဖြစ်နိုင်တာကြောင့် နောက်ထပ်ကစားကွင်းတစ်ခု တည်ဆောက်ဖို့ မြို့တော်ကောင်စီက စီစဉ်ခဲ့ပါတယ်။ သူတို့ဟာ […]

ပြည်သူ့ရင်ပြင်တွင် MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲကျင်းပပြုလုပ်

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ယနေ့(အောက်တိုဘာ ၁၆ ရက်)တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းသီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၄၂၀) ခန့်ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမည်ဖြစ်ကာ နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဈေးရောင်းပွဲတော်သို့ လာရောက်သူများအား သွားလာရေးလွယ်ကူစေရန် အကြို/အပို့ကားများကိုလည်း စီစဉ်ထားသလို ပွဲတော်ရက်အတွင်း စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ […]

စစ်တပ်သစ္စာခံ ပအိုဝ်းပြည်သူ့စစ် အင်အားသောင်းနှင့်ချီကြီးထွားလာ – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်သည့် ပအိုဝ်းလက်နက်ကိုင်တပ် PNO/PNA သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထောင်နှင့်ချီသော တပ်သားသစ်များကို စုဝေးစေပြီး အာဏာသိမ်းပြီးနောက်  တိုးပွားလာသည့် ၎င်းတို့၏ စစ်အင်အားကို ထုတ်ပြခဲ့သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် အင်အားပိုမိုကြီးထွားလာ သည့် လူမျိုးစုလက်နက်ကိုင်တပ်စာရင်းတွင် PNO/PNA ပါဝင်လာသော်လည်း ၎င်းတို့၏ အင်အားစုဆောင်းမှုက အခြားလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ခြားနားသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်အများစုသည် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ရန် အင်အား စုဆောင်းကြခြင်း ဖြစ်သော်လည်း ပအိုဝ်းအမျိုးသားတပ် PNO/PNA ကမူ စစ်ကောင်စီကို ကာကွယ်ရန် လူသစ်စုနေခြင်းဖြစ်သည်။ ပအိုဝ်းအမျိုးသားတပ် PNO/PNA ခေါင်းဆောင်များသည် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များလည်း ဖြစ်ကြသည်။  PNO/PNA ခေါင်းဆောင်များသည် ၎င်းတို့အတွက်စစ်မှုထမ်းပေးမည်ဆိုပါက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်ကောင်စီ ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် […]

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်ထားနိုင်

#Local_NewsPublished 16 October 2024 ▪️ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များတွင်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝင်ခွင့်များလျှောက်ထားနိုင်ပြီဖြစ်ကြောင်း  သိရသည်။   ▪️ ထိုသို့လျှောက်ထားရာတွင် သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း ၊သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်း၊ သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်)သင်တန်းများအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။   ▪️ သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)သို့တက်ရောက်လိုသူ ရဟန်းတော်များသည်  အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟ စာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် ၃၀ နှစ်၊ သိက္ခာ ၁၀ ဝါ အောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့နှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာ ၁၅ ဝါအောက် ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်ကြောင်း သိရသည်။   ▪️ […]

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ သီတင်းကျွတ်ဈေးရောင်းပွဲတော်ကျင်းပနေ

#Local_NewsPublished 16 October 2024 ▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင်  သီတင်းကျွတ်ဈေးပွဲတော်ကိုယနေ့ စတင်၍ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။   ▪️ အဆိုပါ သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိမနက် ၉ နာရီ မှ ည ၉ နာရီအထိ  ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ၀န်ကြီးများရုံး  Heritage Market Indoor & Outdoor  တွင် ပြုလုပ်သွားမည်ဖြစ်သည်။   ▪️ ပွဲ‌တော်၌ လူသုံးကုန်ပစ္စည်း များ ၊Fashion များ၊ တားရော့ဆိုင်များ၊ အစားအသောက်များ၊ ရိုးရာ handmade များ၊ လက်၀တ်ရတနာများ၊ ၀န်ဆောင်မှုများ၊ ကလေးပစ္စည်းဆိုင်များနှင့် အခြားသောထုတ်ကုန်များစွာ ပါ၀င်ကြောင်း သိရသည်။   […]

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ငါန်းမြာကြီးမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင် – Myanmar Now

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက  လေကြောင်းပစ်ကူအား ယူပြီး  ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် စစ်ကြောင်း နှစ်ကြောင်းက ငါန်းမြာကြီးမြို့ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်း၊ ငါးမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံ လမ်းများမှ  ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တံတာဦး-ဆီးမီးခုံလမ်းဘေးရှိ ဆုံရွာတွင် တပ်စွဲထားသည့် အင်အားရာနှင့်ချီပါဝင်သော လက်နက်ကိုင်မိျားက ငါန်းမြာကြီးမြို့ကို စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၄ တွင်   တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။ “စစ်တပ်ကတော့ ကျွန်တော်တို့ ငါန်းမြာကြီးကို  ဒီနေ့ထိတော့ သိမ်းလို့ မရသေးပါဘူး၊ ကျွန်တော်တို့ လက်ထဲမှာပါပဲ။ စစ်ကြောင်းတွေကတော့ […]

မိန်းကလေး(၈)ဦးလျှင် (၁)ဦးသည်အသက်(၁၈)နှစ်မတိုင်ခင်လိင်ပိုင်းစော်ကားခံနေရသည်ဟုယူနီဆက်ဖ်ဖော်ပြ

#World_NewsPublished 17 October 2024 ▪️ ကမ္ဘာပေါ်ရှိ မိန်းကလေးငယ် ၈ ဦးမှာ ၁ ဦးနှုန်း၊ တစ်နည်းအားဖြင့် ယနေ့အသက်ရှင်နေသေးတဲ့ အမျိုးသမီးပေါင်း သန်း ၃၇၀ ကျော်ဟာ အသက် ၁၈ နှစ်မပြည့်ခင် မုဒိမ်းကျင့်ခံရခြင်း ဒါမှမဟုတ် လိင်ပိုင်းစော်ကားခံရခြင်း ကြုံတွေ့ဖူးတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။   ▪️ အွန်လိုင်းနဲ့ အပြောအဆိုပိုင်းဆိုင်ရာလိုမျိုး မထိတွေ့ရတဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေကိုပါ ထည့်တွက်ရင် လူပေါင်းသန်း ၆၅၀ ဒါမှမဟုတ် ၅ ဦးလျှင် ၁ ဦးနှုန်းအထိ မြင့်တက်သွားကြောင်း UNICEF ယူနီဆက်ဖ်က ဖော်ပြထားပါတယ်။   ▪️ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ အများဆုံး ထိခိုက်ခံရသလို ယောကျ်ားလေး သန်း ၂၄၀ […]