ylliX - Online Advertising Network

Samsung 12kg Top Loading Washing Machine (WA12CG5441BYST)

ဈေးနှုန်းများ အချိန်နှင့်တပြေးညီ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။See the description below.or write a review to earn points. Learn more » Source link

Samsung Top Load Washing Machine Fully Auto with Digital Inverter 23kg WA23A8377GV/ST

ဈေးနှုန်းများ အချိန်နှင့်တပြေးညီ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။See the description below.or write a review to earn points. Learn more » Source link

Samsung 14kg Top Loading Washing Machine (WA14CG5441BYST)

ဈေးနှုန်းများ အချိန်နှင့်တပြေးညီ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။See the description below.or write a review to earn points. Learn more » Source link

Samsung 55-Inches Neo QLED Smart 4K TV (QA55QN85CAKXXT)

ဈေးနှုန်းများ အချိန်နှင့်တပြေးညီ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။See the description below.or write a review to earn points. Learn more » Source link

မိုးကုတ်မြို့ကို လေတပ် ဗုံးကြဲ၊ ၆ ဦးထက်မနည်း သေဆုံး – Myanmar Now

တအာင်းတပ် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ လူနေအိမ်များ ယမန်နေ့ (နိုဝင်ဘာ ၁၁) ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိသည ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ည ၁၁ နာရီကျော်ခန့်တွင်  မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်၊  မြို့အနောက်ပိုင်း လူးထရပ်ကွက်တို့ကို  လေယာဉ်နှစ်စီးက  ဗုံး ၅ လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဗုံးကြဲမှုကြောင့်  သေဆုံးသူတို့မှာ အရှေ့ပိုင်းမှ ၃ ဦး၊ အနောက်ပိုင်းမှ ၃ ဦး ဖြစ်သည်၊ ထိခိုက်မှုစာရင်း စုံစမ်းနေဆဲဖြစ်သည်ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။    “ အနောက်ပိုင်းရော အရှေ့ပိုင်းရော။ လောလောဆယ် အသေအဆုံးတွေက […]

အဲလိစဘတ်(၂)ဘုရင်မရဲ့ မင်္ဂလာပွဲမှာ တည်ခင်းခဲ့တဲ့ (၇၇)နှစ် သက်တမ်းရှိ ကိတ်မုန့်တစ်စိတ် ကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်

လွန်ခဲ့တဲ့ ၇၇ နှစ်တုန်းက အဲလိစဘတ်(၂)ဘုရင်မနဲ့ မင်းသားဖီးလစ်တို့ရဲ့ မင်္ဂလာပွဲမှာ ကျွေးမွေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ (ထိုစဉ်က) မင်းသမီး အဲလိစဘတ်ရဲ့အမှတ်အသားပါ ဘူးနဲ့ ထည့်ထားပြီး ပုံနှိပ်ထားတဲ့စာတစ်စောင်လည်း ပါပါတယ်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ တည်ခင်းဖို့ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ကိတ်မုန့်ကြီး ဖုတ်ခဲ့တာဖြစ်ပြီး အခုလေလံတင်ခဲ့တဲ့ ကိတ်မုန့်ကတော့ စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့မှာရှိတဲ့ ဟိုလီရုဒ်အိမ်တော်ထိန်း မာရီယွန်ပိုလ်ဆန်ကို ပေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ် ဖြစ်ပါတယ်။ ရီမန်းဒန်ဆီလေလံကုမ္ပဏီရဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၁ ဒေါ်လာနဲ့ လေလံအောင်ခဲ့တာပါ။ Ref: 77-year-old slice of Queen Elizabeth […]

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာလ(၁၂)ရက်။ မော်ဒိုက်နိုင်ငံ၊ Addu City ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကျင်းပသည့် (၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(15th World Bodybuilding & Physique Sport Championship) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ) ခေါင်းဆောင်၍ အားကစားသမား ရဲထွန်းနောင်ပါဝင်သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်ကော်မတီဝင် ဦးအောင်နိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှုး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊အားကစားသမားများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင်သည် ယင်းပြိုင်ပွဲ၏ အမျိုးသားကာယဗလ ၇၅ ကီလိုတန်း၌ […]

စစ်တွေမှာ စက်ရုံစုရဲကင်းစခန်းကို အုတ်တံတိုင်းများဖြင့်ကာရံ – Western News

ရခိုင်ပြည် စစ်တွေမြို့တွင် စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်ကစ၍ အုတ်တံတိုင်းများဖြင့် ကာရံနေပြီး စခန်းအတွင်း ကတုတ်ကျင်းများ ပတ်ပတ်လည်တူးဖော်ထားကြောင်း မြို့ခံများကပြောကြသည်။ စက်ရုံစုရပ်ကွက် ရဲကင်းစခန်း၏ အကာအရံမှာ အောက်ခြေအုတ်မြစ်ချ ပြီးစီးသည့် အနေအထားဖြစ်နေပြီဟု အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ အပတ်ကနေစပြီး သူတို့ တံတိုင်းလုပ်နေကြတာ။ စခန်းပတ်လည်ပဲ။ အခု အုတ်မြစ်ချပြီးစီးတဲ့ အနေအထားဖြစ်နေပြီ။ ဒါကတော့ သူတို့လုံခြုံရေးအတွက် လုပ်နေတာမျိုးပဲပေါ့” ဟု ဆိုသည်။ ရဲကင်းစခန်းမှာ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းတွင် တည်ရှိပြီး အဆိုပါကွင်းပြင်တွင် လူနေအိမ်များ ထောင်နှင့်ချီရှိသည်။ ရဲကင်းစခန်းအား အုတ်တံတိုင်းကာရံနိုင်ရန်အတွက် စခန်းနောက်ဘက်ရှိ လူနေအိမ် ၄၀ ကျော်ကို အတင်းအဓမ္မ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ရပ်ကွက်သူရပ်သွားများက ပြောသည်။ နေအိမ်ပါသွားသူတစ်ဦးက ” သူတို့ အုပ်ရံဖို့အတွက် […]

(၁၂-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ –

(၁၂-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 👉၁၆ ပဲရည် ရွှေတစ်ကျပ်သားYGEA စျေး – ၅,၄၇၀,၆၉၈ ကျပ်ပြင်ပပေါက်စျေး- ၆,၂၀၀,၀၀၀ ကျပ် 👉အမေရိကန်ဒေါ်လာဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း) 👉စက်သုံးဆီ(ရန်ကုန်)Octane 92 – ၃၀၃၀ ကျပ်Octane 95 – ၃၂၁၀ ကျ​ပ်Premium Diesel – ၃၃၄၅ ကျပ်Diesel – ၂၆၉၀ ကျပ်ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။ Source link