ylliX - Online Advertising Network

မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ – Myanmar Now

 မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပုသိမ် – မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ နှစ်ထောင် နီးပါး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ပွင့်ဖြူမြို့အနောက်ဘက်ခြမ်း ၁၈ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်း မဲဇလီစခန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၉ ရက်ကတည်းက မြို့အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကျွဲခြံနှင့် လယ်မကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးသီးချခြင်းတို့ ပြုလုပ်နေသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂)  နေ့လယ်က မြေပြင်တိုက်ပွဲမရှိဘဲ ကျွဲခြံနှင့်လယ်မရွာ ဝန်းကျင်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။  အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံတို့မှာ နေရပ် မပြန်ရဲသေးဘဲ ဘေးလွတ်ရာများ တွင် […]

(၁၃-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ –

(၁၃-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ 👉၁၆ ပဲရည် ရွှေတစ်ကျပ်သားYGEA စျေး – ၅,၃၈၆,၅၃၈ ကျပ်ပြင်ပပေါက်စျေး- ၆,၁၇၀,၀၀၀ ကျပ် 👉အမေရိကန်ဒေါ်လာဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)ပြင်ပပေါက်စျေး- ၄၄၃၀ ကျပ်(ဝယ်)၊ ၄၅၃၀ ကျပ်(ရောင်း) 👉စက်သုံးဆီ(ရန်ကုန်)Octane 92 – ၃၀၃၀ ကျပ်Octane 95 – ၃၂၁၀ ကျ​ပ်Premium Diesel – ၃၃၄၅ ကျပ်Diesel – ၂၆၉၀ ကျပ်ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။ Source link

လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက်

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၄⁨⁨⁨⁨⁨⁨ လေကြောင်းကနေ ဗုံးကြဲမှုတွေထဲက ဆိုးရွားတဲ့ နောက်ဖြစ်ရပ်တခု၊ စစ်ရေး အရှိန်ထပ်မြင့်လာမယ့် ရှမ်းမြောက် လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်စိုးမိုးမှုမှာ သိသိသာသာ အားနည်းသွားတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးဗျူဟာတရပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေတုန်းက လေကြောင်းတိုက်ခိုက်မှုက ရှားပါးတဲ့ ဖြစ်စဥ်အနေနဲ့ သိရှိထားကြပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် အချို့သော တိုက်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။ ထိုကာလတွေမှာ စစ်တပ်အနေနဲ့ ပိတ်မိနေတဲ့အခါမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတို့လိုမျိုးကို လက်တုံ့ပြန်တိုက်ခိုက်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အထောက်အကူအနေနဲ့ လေကြောင်းက တိုက်ခိုက်တာမျိုး ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေက တဖြည်းဖြည်း […]

Dromen van een gouden truck

(Is all that we see or seem but a dream within a dream? EA Poe) Jarenlang had ik mij door mijn vrouw over de Isaanse wegen laten rijden in onze kleine zwarte Honda City. Piekfijn wagentje, maar niet echt stoer. Dat was ik zelf ook niet want eigenlijk durfde ik het verkeer in het grote enge […]

ကျူဟိုင်မြို့တွင်လူအုပ်ထဲကားဝင်တိုက်သဖြင့်လူ(၃၅)ဦးသေဆုံးကာဒဏ်ရာရသူများပြား

#World_NewsPublished 13 November 2024 ▪️ တရုတ်ပြည်တောင်ပိုင်းမှာ ကားတစ်စီးက အားကစားစင်တာတစ်ခုရှိ လူအုပ်ထဲကို ဝင်တိုက်သဖြင့် လူ ၃၅ ဦးသေဆုံးကာ ၄၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တရုတ်သမိုင်းကြောင်းမှာ အသက်အန္တရာယ် အထိခိုက်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။ ▪️ မကာအိုအနီး တရုတ်တောင်ပိုင်း လူဦးရေ ၂သန်းခွဲခန့်ရှိတဲ့ ကျူဟိုင်မြို့မှာ တနင်္လာနေ့ညက ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ ▪️ လူတွေမြေပြင်ပေါ် လဲနေပြီး ကားတစ်စီးက ထိုနေရာကနေ ထွက်ပြေးနေတဲ့ ဗီဒီယိုတွေ ပုံရိပ်တွေက တနင်္လာနေ့ည တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ▪️ အသက် ၆၂ နှစ်အရွယ် ဖန်လို့အမည်ရတဲ့ ယာဉ်မောင်းသူကို ဖမ်းဆီးခဲ့ပြီး သူ့ရဲ့လည်ပင်းနဲ့ အခြားနေရာတွေမှာ ကိုယ့်ကိုယ်ကို ဓားနဲ့ခြစ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေကိုလည်း ဆေးရုံတက်ရောက်ကုသ ထားရပါတယ်။ […]

ဧရာဝတီမြစ် မြေနုကျွန်းများပေါ် ခိုလှုံနေရသော မတ္တရာဒေသခံ စစ်ဘေးရှောင်များ – Myanmar Now

စက်တင်ဘာအတွင်းက စစ်ကောင်စီတပ်သည် မန္တလေးတိုင်းနှင့် ထိစပ်နေသော ဧရာဝတီမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ကျေးရွာများကို နယ်မြေရှင်းလင်း၍ တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်လာနိုင်စေရန် စစ်ကြောင်းထိုးခဲ့သည်။ ထို့ကြောင့် မတ္တရာနယ်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ဥဒိန်၊ မြွေထိန်ပင်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတို့သည် ဧရာဝတီမြစ်အတွင်းရှိ နေရာကျယ်ဝန်းသည့် ကျွန်းများပေါ်သို့ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။ စစ်စခန်းများ၊ တိုက်ပွဲများနှင့် ဝေးသည့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများပေါ်တွင် အိမ်ထောင်စုအနည်းငယ်မှ ရာချီအထိရှိသည့် မတ္တရာဒေသခံတို့ ဟိုတစ်စုသည်တစ်စု ခိုလှုံနေပြီး တံငါလုပ်ခြင်း ၊ သက်ကယ်ပစ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည်။

 မတ္တရာတစ်မြို့နယ်လုံးတွင် စစ်ရှောင်စခန်း ၃၈ ခု ရှိပြီး၊ အိမ်ထောင်စု ၁၆၈၈ စု၊ လူဦးရေ ၅၆၅၀ […]

မြန်မာနိုင်ငံ စီးပွားရေးပညာ နှစ် (၁၀၀) | Ministry Of Information

ဒေါက်တာဝါဝါမောင် စီးပွားရေးပညာသည် ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ Department of Economics စတင်ဖွင့်လှစ်ချိန်၌ ရောက်ရှိလာခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့်ခဲ့ချေပြီ။ လွန်ခဲ့သည့် အတိတ်ကာလ ၁၉၂၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ စီးပွားရေးနှင့် ပြည်သူတို့၏ လူမှု-စီးပွားကဏ္ဍတို့တွင် စီးပွားရေးပညာက မည်သို့အကျိုးပြုခဲ့သည်ကို မကြာမီကာလတွင် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရင်းဂုဏ်ပြုမှတ်တမ်းတင်စရာက များပြားလှသည် ဆိုသော်လွန်အံ့မထင်။ ပထမဆုံး စီးပွားရေးတက္ကသိုလ်များ၏ ဆောင်ပုဒ်ကိုကြည့်ပါက “ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ”ဟူသည့် လေးနက်တည်ကြည်မြင့်မားသော ပညာ၏ဂုဏ်ပုဒ်ကို တွေ့ရှိနိုင်ပါသည်။ ယနေ့စီးပွားရေးပညာဖြင့် အခြားနိုင်ငံနှင့် ရင်ပေါင်တန်းပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြ မည်ဆိုပါက ယနေ့ စီးပွားရေးပညာရှင်များသည် ထိရောက်မှု (Effectiveness) နှင့် စွမ်းဆောင်ရည် […]